တောင်ကိုရီးယားစစ်သုံ့ပန်းများ၏ မြောက်ကိုရီးယားတွင်...

တောင်ကိုရီးယားစစ်သုံ့ပန်းများ၏ မြောက်ကိုရီးယားတွင်...

၁၉၅၀ ပြည့်နှစ်တွင် ကိုရီးယား စစ်ပွဲစတင်ပြီးနောက် တောင်ကိုရီးယားနိုင်ငံသား ကန်ဟီယိုသည်၎င်းအသက် ၁၈ နှစ်ပြည့်သည့် ၁၉၅၁ ခုနှစ် မတ်လတွင် စစ်တပ်ထဲဝင်ရောက်ခဲ့သည်။ သို့သော် နှစ်လခန့်အကြာတွင် ၎င်းကို မြောက်ကိုရီးယားက ဖမ်းမိခဲ့သည်။ “ကျွန်တော်ဘယ်ကိုမှ မသွားနိုင်ခဲ့ဘူး။ဘာလို့လဲဆိုတော့ သူတို့တွေက ကျွန်တော်တို့ကို အပြည့်အဝ ထိန်းချုပ်ထားပြီး နွားတစ်ကောင်လို တစ်နေ့လုံးတစ်ညလုံး အလုပ်လုပ်ခိုင်းခဲ့ပါတယ်”ဟု လက်ရှိတွင်အသက် ၉၄ နှစ်ရှိပြီဖြစ်သည့်ကန်က ပြောပြခဲ့သည်။ ကန်သည် ထွက်ပြေးလွတ်မြောက်ကာ နေအိမ်သို့ပြန်လာ နိုင်ခဲ့သည့် အနည်းငယ်သောစစ်သုံ့ပန်းများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ “ကျွန်တော် နှစ်ပေါင်း ၅၀ လောက် လှောင်အိမ်မရှိတဲ့အကျဉ်းထောင်တစ်ခုမှာ နေခဲ့ရသလိုပါပဲ”ဟု ၎င်းက ဆိုသည်။ ကန်သည် ဆယ်စုနှစ်ပေါင်းများစွာကြာ နေအိမ်သို့ပြန်နိုင်မည့်အချိန်ကို စောင့်ဆိုင်းလျက် ကျောက် မီးသွေးမိုင်းတွင်းများနှင့် လယ်ခင်းများတွင် အလုပ်လုပ်ကိုင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်ဇွန်လတွင်ကန်နှင့် ၎င်း၏မိတ်ဆွေစစ်သုံ့ပန်းများက စစ်ပွဲပြီးနောက် ပထမဆုံးအကြိမ်ကို ရီးယားနှစ်နိုင်ငံကြား ထိပ်သီးဆွေးနွေးပွဲအတွက် နှစ်ဘက်စလုံးမှခေါင်းဆောင်များ တွေ့ဆုံခဲ့ကြသည့်သ တင်းကို ကြားသိခဲ့ရချိန်တွင်၎င်းတို့၏ ဒုက္ခများပြီးဆုံးသွားနိုင်ပြီဟု တွေးထင်ခဲ့ကြသည်။ တောင်ကိုရီးယားသမ္မတဟောင်း ကင်ဒေဂျန်းသည ်မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီနှင့် ဆွေးနွေးရန် ပြုံယမ်းသို့ ရောက်ရှိလာခဲ့သည်။ သို့သော် ခေါင်းဆောင်နှစ်ဦးက ပြန်လည်သင့်မြတ်ရန် ကြိုးပမ်းချိန်တွင် ၎င်းတို့၏ အကျပ်အတည်းကို ဘေးဖယ်ထားသောကြောင့် စစ်သုံ့ပန်းများက စိတ်ပျက်ခဲ့ကြသည်။ “ကျွန်တော်တို့ကို အိမ်ပြန်ခေါ်နိုင်ဖို့ သူ(ကင်ဒေဂျန်း)ရောက်လာတယ်လို့ ထင်ခဲ့မိတာ။ဒါပေမဲ့ကျွန် တော်တို့နဲ့ပတ်သက်ပြီး ထည့်သွင်းပြောဆိုသွားတာမျိုး မရှိခဲ့ပါဘူး”ဟု ကန်က မျှော်လင့်ချက်ဆုံးရှုံးခဲ့ရကြောင်း ပြောပြခဲ့သည်။ “တစ်ခုခုတော့ မှားနေပြီလို့ ထင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော်သေရမယ်ဆိုရင် တောင် ကိုယ့်မွေးရပ်မြေပြန်ပြီးသေမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု၎င်းက ဆိုသည်။ ယင်းစိတ်ကူးနှင့်အတူကန်သည် နောက်ပိုင်းတွင်ထွက်ပြေး လွတ်မြောက်လာခဲ့သည်။ ၂၀၀၉ ခုနှစ်က မြောက်ကိုရီးယားနှင့် တရုတ်ကို ပိုင်းခြားထားသည့် တူမန်မြစ်ကို ဖြတ်ကူးပြီးနောက် ကန်သည်အသက် ၅၈နှစ်တွင် ပထမဆုံးအကြိမ် တောင်ကိုရီးယားကို ခြေလျင်လျှောက်၍ပြန်လာခဲ့သည်။ ပဋိပက္ခအဆုံးသတ်ရန် ၁၉၅၃ ခုနှစ် ဇူလိုင်လတွင် စစ်ဆိုင်းရန်နှစ်ဖက်သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့သော်လည်း ငြိမ်းချမ်းရေး သဘောတူစာချုပ်တစ်ရပ် ဖြစ်ပေါ်လာခဲ့ခြင်းမရှိပေ။ ယင်းနောက် မြောက်ကိုရီးယားသည် တောင်ကိုရီးယားစစ်သား ၈၀၀၀ ဝန်းကျင်ကို နေရပ်သို့ပြန်ပို့ခဲ့ကာ စစ်သုံ့ပန်းအားလုံးကို ပြန်ပို့ခဲ့ပြီဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။ သို့သော် မြောက်ကိုရီးယားတွင် ၎င်း၏စစ်သား ၈၂,၀၀၀ ခန့်ပျောက် ဆုံးနေသည်ဟု တောင်ကိုရီးယားက ယူဆထားသည်။ တောင်ကိုရီးယားစစ်သုံ့ပန်း ၈၀ မျှသာ ထွက်ပြေးလွတ်မြောက်ကာ နေအိမ်သို့ပြန်လာနိုင်ခဲ့ပြီးလက်ရှိတွင် ကိုးဦးသာ အသက်ရှင်လျက်ရှိသည်။ စစ်သုံ့ပန်းများ၏မိသားစု ၂၅၀ ကျော်သည် မြောက်ကိုရီးယားမှ ထွက်ပြေးနိုင်ခဲ့သည်။ ၎င်းတို့ထဲတွင် ကိုရီးယားစစ်သုံ့ပန်းမိသားစုအဖွဲ့၏ ဥက္ကဌဆွန်မြောင်ဟွလည်းအပါအဝင်ဖြစ်သည်။ ၎င်း၏ဖခင်သည် ဘူဆန်မှ ၁၈ ကီလိုမီတာခန့်ဝေးသည့် ဂင်ဟေးမှ တောင်ကိုရီးယားစစ်သားတစ်ဦး ဖြစ်ခဲ့သည်။၎င်းကို ဖမ်းဆီးရမိခဲ့ပြီး ဆယ်စုနှစ်များစွာကြာ ကျောက်မီးသွေးမိုင်းတွင်းများနှင့် သစ်ထုတ် လုပ်ရေးစက်ရုံတစ်ရုံတွင် အလုပ်စေခိုင်းခဲ့သည်။ ၁၉၈၄ ခုနှစ်က ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည့် ၎င်း၏ဖခင်သည် ၎င်း၏အလောင်းကိုတောင်ကို ရီးယားတွင် သဂြိုလ်ပေးရန်အစောပိုင်းက တောင်းဆိုခဲ့သည်ဟုဆွန်က ပြောပြခဲ့သည်။၎င်း၏ဆန္ဒကိုအမှတ် ရသည့်အနေဖြင့် ဆွန်သည် ၂၀၀၅ ခုနှစ်တွင် မြောက်ကိုရီးယားရှိ၎င်း၏ မွေးချင်းများနှင့် ပွဲစားတစ်ဦး၏အ ကူအညီဖြင့် ဖခင်ဖြစ်သူ၏ရုပ်ကြွင်းပြာများကို ယူဆောင်ကာတောင်ကိုရီးယားသို့ ထွက်ပြေးလာနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဒေဂျွန်းအမျိုးသားသုဿာန်တွင် မြှုပ်နှံပေးနိုင်ခဲ့သည်။ “ကျွန်မအဖေရဲ့ဇာတ်ကြောင်းကို လူတွေသိသွားတော့မြောက်ကိုရီးယားမှာရှိတဲ့ ကျွန်မရဲ့မွေးချင်းသုံး ဦးနိုင်ငံရေးအကျဉ်းစခန်းကို ပို့ခံခဲ့ရပါတယ်။ဒါကဆိုးရွားတဲ့ အလဲအလှယ်တစ်ခုပါ။ စစ်သုံ့ပန်းတွေရဲ့လူ့ အခွင့်အရေးနဲ့ ဒုက္ခတွေကို လူတွေပိုပြီး သိမြင်လာစေချင်ပါတယ်”ဟု ဆွန်က ပြောပြခဲ့သည်။.